Thursday, June 11, 2015

See You At The Top ! * ထိပ်ဆုံးမှာ တွေ့ကြမယ်......

* ပြင်းထန်သော ဆန္ဒဖြင့် တိကျသော ရည်မှန်းချက်ထားရှိပါ။

* ပန်းတိုင်သို့ မည်သည့်အချိန်တွင် ရောက်ရှိရမည်ဟု သက်မှတ်ပါ။

* ရည်မှန်းချက် ဘာလဲဆိုတာကို စာဖြင့်ရေးချထားပါ။

* မည်သို့ သွားရမည်ဟူသော လုပ်ငန်းစီမံချက် ချမှတ်ရမည်။

* ပန်းတိုင်သို့ ရောက်ရေးကို နေ့စဉ်တွေးပါ။

* မိမိ လုပ်ငန်းအပေါ် စိတ်ဝင်စားမှုရှိပါ။

* ရေးဆွဲထားသည့် စီမံချက်အတိုင်း မနေမနားကြိုးစားဆောင်ရွက်ပါ။

* အခြားသူတို့၏ အားလျှော့စေတတ်သော အကြံပေးချက်များကို လက်မခံပဲ နားပိတ်ထားပါ။

* မိမိအစီအစဉ်အတိုင်း ဆုံးခန်းတိုင်အောင် ဆောင်ရွက်နိုင်ရန် အားပေးအားမြှောက်ပြုမည့် မိတ်ဆွေများနှင့် ပူးပေါင်းပါ။

* အနှစ်မရှိသော အလုပ်များ ဖြင့် အချိန်ဖြုန်း ပျော်မွေ့နေသော ပတ်ဝန်းကျင်မှ ရှောင်ထွက်ပါ။

* မိမိ၏ အားနည်းချက်၊ အားသာချက်များကို သိပါ။ သိအောင်လုပ်ပါ။

* ထကြွ လုံ့လ ၀ီရီယ ရှိပါ။

* အခွင့်အရေးရတုန်းမှာ ယူထားပါ။ မလွတ်ပါစေနှင့်။ မိုးရွာတုန်းရေခံ။ မိုးရွာတာက ကံ။ ရေခံတာက ၀ီရီယ။

* ဝေဖန်မှုကို ခံယူပြီး အကျိုးရှိအောင် ပြုပြင်ပါ။ မခံချင်စိတ်အပေါ်တွင် နာကျင်မှုနဲ့ မျိုးစေ့ချ စိုက်ပျိုးပြီး အသီးအပွင့်များကို ခူးယူ စားသုံးပါ။

* ပြောသင့်တာနှင့် လုပ်သင့်တာကို ချင့်ချိန်ခွဲခြားတတ်သူဖြစ်ပါစေ။

* ငြင်းခုန်ခြင်း၊ ရန်ဖြစ်ခြင်း စသော ပဠိပက္ခများကို အထူးရှောင်ပါ။

* ငွေစုပါ။ ငွေမည်မျှ ရှာဖွေနိုင်သည်မှာ အဓိကမဟုတ်၊ မည်မျှ စုဆောင်းနိုင်သည်မှာ အဓိက ဖြစ်သည်။

* ပညာအရည်အချင်းနှင့် ကျွမ်းကျင်မှုကို တည်ဆောက်ပါ။

* စိတ်ဓာတ်မကျအောင် သတိပြုထိန်းသိမ်းပါ။

* မိမိကိုယ်ကို ယုံကြည်မှုရှိပါ။

* ပြောရဲဆိုရဲ၊ လုပ်ရဲကိုင်ရဲ၊ တွေးရဲတောရဲ ရှိပါ။

* ဂုဏ်သိက္ခာကို သန့်ရှင်းဖြူစင်အောင် ထိန်းသိမ်းပါ။

* သိမ်ဖျင်းတဲ့ တန်ဖိုးမဲ့တဲ့ စကားမျိုးနဲ့ ကိုယ့်ကိုယ်ကို တန်ဖိုးမဖြတ်နဲ့။

* သင်၏ သီးသန့်ဘ၀ကို တသီးတသန့် ဖြစ်ပါစေ။

* သင့်လျှို့ဝှက်ချက်ကို သင့်အင်္ကျီပင် မသိပါစေနှင့်။

* အတွေ့အကြုံတိုင်းအပေါ်တွင် သင်ခန်းစာယူပါ။

* ကျောက်ခဲတစ်လုံးကိုပဲ နှစ်ခါ ခလုတ်မတိုက်မိပါစေနှင့်။

* သတိရှိပါ။ သတိသည် လုံခြုံခြင်း၏ မိခင်ဖြစ်သည်။

* ယနေ့လုပ်နိုင်တာတွေကို မနက်ဖန်လုပ်ဖို့ ချန်မထားပါနှင့်။

* အချိန်၏ တန်ဖိုးကို နားလည်ပါ။

* မိတ်ဆွေကောင်းများကို ထိန်းသိမ်းပါ။ မိတ်ဆွေများနှင့် အချေးအငှား၊ အချေးအယူ မလုပ်ပါနှင့်။

* လောင်းကစား၊ မိန်းမနှင့် အရက်ကို ဝေးဝေးကရှောင်ပါ။

* သင့်ဘ၀ကို လုပ်ငန်း၊ အဖွဲအစည်းတစ်ခုခု (သို့) လူတစ်ဦးတစ်ယောက်ထံသို့ အူလှိုက် အသည်းလှိုက် ပုံမအပ်သင့်ပဲ ပုံမအပ်ပါနှင့်။

* ခင်မင်မှုကို တန်ဖိုးထားပါ။ ချစ်ပါ။ ဒါပေမယ့် ခွဲခွာရမည်ကိုလည်း မကြောက်ပါနှင့်။

* သြဇာလွှမ်းမိုးမှု ကွန်ယက်ကို ဖြန့်ကျက်ပါ။

* တာဝန်ယူစိတ်ရှိပါ။ တာဝန်ကျေပွန်အောင် ပြင်းထန်သောဆန္ဒကို မွေးမြူပါ။

* မိမိ၏ လုပ်ရပ်သည်ရည်မှန်းချက်ကိုထိခိုက်နေပြီဟု ယုံကြည်လျှင် လျှော့လုပ်ပါ။ ရည်မှန်းချက်ကို အထောက်အကူပြုသည်ဟု ယုံကြည်လျှင် ပိုလုပ်ပါ။ အမှားကိုမြင်လျှင် အမှန်ကို ချက်ချင်းပြုပြင်ပါ။ အမြင်သစ်အမြင်မှန်ကို အမြဲကြိုဆိုလက်ခံပါ။

* သင်သည်နေကို မျက်နှာမူလိုက်ပါ အရိပ်များသည် အနောက်ဘက်တွင် ရောက်ရှိသွားပါလိမ့်မည်။

* စာပေ လေ့လာဆည်းပူးပါ။

* ရတနာသုံးပါးကို မမေ့ပါနှင့်။

* See You At The Top!!

မဟာဂရုဏာရှင် မာသာထရီဆာ

နိုဘယ်ဆုရှင်မာသာထရီဆာ၏ကဗျာ(အကြိုက်ဆုံးကဗျာ)

နိုဘယ်ဆုရှင်မာသာထရီဆာ၏
မိဘမဲ့ဂေဟာတစ်ခုတွင်ချိတ်ဆွဲထားသော ကဗျာ
နိုဘယ်ဆုရှင်မာသာထရီဆာ၏ မိဘမ့ေဲ ဂဟာတစ်ခုတွင်ချိတ်ဆွဲထားသော ကဗျာဖြစ်ပါသည်။

ဘယ်လိုပဲဖြစ်စေ

လူတွေဟာမကြာခဏအကျိုးသင့်အကြောင်းသင့်မဟုတ်တာတွေလုပ်တတ်သလို
ယုတ္တိမတန် အတ္တဆန်တဲ့လုပ်ရပ်တွေကိုလည်းလုပ်တတ်ကြတယ်
ဘယ်လိုပဲဖြစ်စေ……….သူတို့ကိုခွင့်လွှတ်လိုက်ပါ။

သင်ကသနားကြင်နာတတ်ရင်
လူတွေကသင်ဟာတစ်ကိုယ်ကောင်းစိတ်ရှိသူ
ဟန်ပြကြင်နာပြနေသူလို့စွပ်စွဲလာကြာလိမ့်မယ်
ဘယ်လိုပဲဖြစ်စေ……….သနားကြင်နာမြဲသနားကြင်နာပါ။

သင့်ဘ၀မှာအောင်မြင်နေပြီဆိုရင်
မိတ်ဆွေတုတွေရလာနိုင်သလိုရန်သူစစ်စစ်တွေလည်းရလာလိမ့်မယ်
ဘယ်လိုပဲဖြစ်စေ……….အောင်မြင်အောင်ဆက်ကြိုးစားပါ။

လူတွေကသင့်ကိုလိမ်လည်လှည့်ဖျားကြလိမ့်မယ်
ဘယ်လိုပဲဖြစ်စေ……….ရိုးသားဖြောင့်မတ်ပါ။

သင်နှစ်ပေါင်းများစွာတည်ဆောက်ထားတ့ဘဲ ၀တစ်ခုကို
တစ်ဦးတစ်ယောက်ကနေ့ချင်းညချင်းဖျက်ဆီးပစ်လိုက်နိုင်ပါလိမ့်မယ်
ဘယ်လိုပဲဖြစ်စေ……….တည်ဆောက်မြဲတည်ဆောက်ပါ။

သင်ကငြိမ်းအေးမှုနှင့်စိတ်ချမ်းသာမှုကိုရှာဖွေတေ့ရွှိပြီဆိုရင်
သူတို့ကမနာလိုဝန်တိုမှုတွေဖြစ်ကြလိမ့်မယ်
ဘယ်လိုပဲဖြစ်စေ……….စိတ်အေးချမ်းအောင်နေပါ။

သင်ဒီနေ့ကောင်းမှုပြုလုပ်တာကို
လူတွေကမနက်ဖြန်မေ့ပစ်ချင်မေ့ပစ်ကြလိမ့်မယ်
ဘယ်လိုပဲဖြစ်စေ……….ကောင်းတာကိုပဲဆက်လုပ်ပါ။

လောကကြီးကိုသင်အပေးနိုင်ဆုံးအကောင်းဆုံးတွေပေးဝေလိုက်ပါ
ဘယ်တော့မှလုံလောက်မှာမဟုတ်ဘူး
ဘယ်လိုပဲဖြစ်စေ……….လောကကြီးကိုအကောင်းဆုံးပေးဆပ်မြဲပေးဆပ်ပါ။

နောက်ဆုံးခွဲခြမ်းစိတ်ဖြာလိုက်တော့သင်မြင်တ့အဲ တိုင်းပါဘဲ
သင်နဲ့တရားသာအတူရှိတော့တာပါ
ငါ ၊မင်း ၊သူတစ်ပါးအကြားမှာဘာမှမရှိပါဘူး။ ။

ခွင့်လွှတ်ချင်းများန့ဘဲ ၀ကိုတည်ဆောက်နိုင်ကြပါစေ
သင်တို့၏မိတ်ဆွေများကိုလည်းဖြန့်ဝေပေးစေချင်ပါတယ်။ ။

Wednesday, June 10, 2015

Ph.D ဆိုတာ

Ph.D ဒေါက်တာ ဆိုတာ ?

ယခုကာလပိုင်းအတွင်း ပြည်တွင်းကရော ပြည်ပကပါ ဒေါက်တာ အထူးသဖြင့် ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ပေးတာတွေ၊ ရတာတွေ၊ ဂုဏ်ပြုတာတွေ ဖတ်နေ၊ ကြားနေ၊ သိနေရပါတယ်။ ဒါကြောင့် မို့ Ph.D ဒေါက်တာရဲ့ သဘောသဘာဝ၊ အနေအထား၊ အဆင့်အတန်းတို့ကို အများသိစေချင်လို့ ဒီဆောင်းပါးကိုရေးဖြစ်တာပါ။ မြန်မာလူမျိုးများ အများစုဖြစ်လေ့ဖြစ်ထရှိတဲ့ ဣဿမစ္ဆရိယ မနာလိုဝန် တိုမှုဖြင့် ရေးခြင်းမဟုတ်ကြောင်း ဦးစွာပဏာမခံပါရစေ။

Ph.D ရဲ့ full form ဟာ Doctor of Philosophy ပါ။ British English က Ph.D လို့ရေးပြီး အမေရိကန် အင်္ဂလိပ်က Ph.D လို့ရေးပါတယ်။ တချို့တက္ကသိုလ်တွေက doctorate လို့ သုံးပါသေးတယ်၊ D.Sc (Doctor of Scinece) လို့ သုံးတဲ့တက္ကသိုလ်လည်း ရှိပါသေးတယ်။ သူ့ရဲ့မူရင်းအရင်းအမြစ်သဘောကို စပြောပါမယ်။ First Degree လို့ခေါ်တဲ့ ပထမဆုံးရတဲ့ ဘွဲ့ကနေ M.A or M.Sc - မဟာသိပ္ပံ၊ မဟာဝိဇ္ဇာတန်းတက်ရပါတယ်။ အဲဒီမှာ တချို့တက္ကသိုလ်က နှစ်နှစ်ကြာပါတယ်။ တချို့က ၁၈ လကြာ ပါတယ်။ တချို့က တစ်နှစ်ပဲကြာပါတယ်။ Thesis လို့ခေါ်တဲ့ ကျမ်းစာတင်ပြီး ကျေနပ်မှဘွဲ့ပေးတာပါ။

ပုံမှန်ပညာရေးအစီအစဉ်အရဆိုရင် မဟာဘွဲ့မရဘဲနဲ့ Ph.D တန်း တက်လို့မရပါဘူး။ Ph.D တန်းအ တွက် ပညာသင်ဆုရရင်လည်း၊ မဟာဘွဲ့မရသေးရင်မဟာဘွဲ့ အရင်တက်ခိုင်းပြီးမှ Ph.D အတွက် ဆက်တက်ရပါတယ်။ တက္ကသိုလ်ချင်းမတူရင် Ph.D တန်းတက်ခွင့်ရဖို့အတွက် အခြားအချက်အလက် များအတူ မဟာတန်းကသင်ခဲ့တဲ့ကျမ်းစာ (Thesis) တင်ပြရပါတယ်။ အဲဒါကြိုတင်လိုအပ်ချက်ပါ။ Ph.D အတွက် လုပ်မယ့်ကျမ်းစာ (Dessertation) Proposal ကိုကြိုတင်ရပါတယ်။ အဲဒီ Proposal ကို ကြိုက်မှ (သို့မဟုတ်) ကြီးကြပ်နိုင်တဲ့ (Superviser) ပါမောက္ခတစ်ဦးဦးရှိမှ Ph.D တန်းတက်ခွင့်ပြုပါ တယ်။ အတန်းတက်ရတာကတော့ တက္ကသိုလ်အလိုက် ကွဲပြားပါတယ်။ တစ်နှစ်၊ နှစ်နှစ်ဆိုသလို ရှိကြ ပါတယ်။ အတန်းမှာအဓိကထားတာက ကျမ်းစာအတွက် သုတေသနလုပ်နည်းတွေ၊ တွက်နည်းတွေ၊ စဉ်းစားနည်းတွေ၊ စဉ်းစားစရာအချက်အလက်တွေ မပါမနေပါရမဲ့ အချက်အလက်တွေ သင်ပေးတာပါ။ အဓိကကျမ်းစာ (Dessertation) ကိုပေးတာပါ။ လူကိုပေးတာမဟုတ်ပါဘူး။ ကျမ်းစာဖြစ်လာအောင် လုပ်ခဲ့တဲ့ သုတေသနလုပ်ငန်းတွေနဲ့ အဲဒါတွေရဲ့ရလဒ်ကို ပေးတာပါ။ အနည်းဆုံး နှစ်နှစ်ကနေ သုံးနှစ်၊ တချို့ဆို ငါးနှစ်လောက်တောင်ကြာပါတယ်။ စိုက်စိုက်မတ်မတ်လုပ်ရတဲ့ သုတေသနလုပ်ငန်းပါ။ သီအိုရီအသစ်တစ်ခု (သို့မဟုတ်) အတွေးအခေါ်အသစ်တစ်ခု (သို့မဟုတ်) ထုတ်ကုန်အသစ်တစ်ခု ဖန်တီးပေးရတာပါ။ အဲဒီဖန်တီးပေးမှု (creative) ကိုပေးတဲ့ဘွဲ့ပါ။ ပုဂ္ဂိုလ်ကိုပေးတာမဟုတ်ဘဲ သူရဲ့ Product အတွက်ပေးတာပါ။ ဒါကပညာရေးပုံမှန် လုပ်ထုံးလုပ်နည်းနဲ့သွားတဲ့ Ph.D ပါ။ ဂျပန်က တချို့ တက္ကသိုလ်မှာဆို Ph.D ရပြီးမှ သုတေသနတွေ ဆက်လုပ်ခိုင်းပြီး ကျေနပ်မှ Doctorate ပေးတယ်လို့ ကြားဖူးပါတယ်။ ကျမ်းစာပြုစုရာမှာလည်း Supervisor လို့ခေါ်တဲ့ ကြီးကြပ်သူ ပါမောက္ခတစ်ဦးရှိသလို Advisor လို့ခေါ်တဲ့ အကြံပေးတဲ့ ပါမောက္ခတစ်ဦးလည်း ရှိကြပါတယ်။ အဲဒါအပြင် ကျမ်းစာပြီးလို့ Defense ထိုင်တဲ့အခါ ပါဝင်တဲ့ ပါမောက္ခများလည်း ရှိကြရပါတယ်။ အားလုံးဟာ Ph.D ရထား ပြီးရုံမက သုတေသနပေါင်းမြောက်မြားစွာ လုပ်ထားတဲ့သူတွေ ဖြစ်ကြရပါတယ်။ Defense မှာမေးတာ မဖြေနိုင်ရင် အားမနာပဲ ထပ်လုပ်ခိုင်းလေ့ရှိကြပါတယ်။ အားနာပြီးဘွဲ့ပေးလိုက်တာမရှိပါဘူး။ လာစစ်တဲ့သူတွေကိုလည်း ကျောင်းသားကလက်ဆောင် (သို့မဟုတ်) ငွေကြေးမပေးရပါဘူး။ ခရီးစရိတ်လည်း မထောက်ပံ့ရပါဘူး။ နေ့လည်စာ၊ မနက်စာလည်း မကျွေးရပါဘူး။ ကော်ဖီ၊ လ္ဘက်ရည်လည်း မတိုက်ရပါဘူး။ တချို့ဆို Double Ph.D ရယ်လို့ Ph.D နှစ်ခါတက်ပြီး ကျမ်းနှစ်ခု ပြုစုပြီးရကြပါတယ်။ မြန်မာနိုင်ငံမှာ ဒေါက်တာမောင်မောင်နဲ့ ဒေါက်တာအောင်ထွန်းသက်တို့ ဖြစ်ပါ တယ်။ အဲဒီလို Ph.D ရထားတဲ့ သူတွေဟာ သူတို့ရဲ့ British English အခေါ် Visiting Card or North American English အခေါ် Business Card or Name Card ပေါ်မှာ နာမည်ရဲ့နောက်မှာ Ph.D ဆိုတာပဲရေးပြီး ရှေ့မှာ Dr. လို့ တပ်လေ့တပ်ထ မရှိကြပါဘူး၊ အထူးသဖြင့် အမေရိကန်၊ ကနေဒါ၊ ဂျပန်နဲ့အချို့ West နိုင်ငံတွေပါ။ Dr. ဘယ်သူရယ်လို့လည်း သုံးလေ့သုံးထ ခေါ်လေ့ခေါ်ထ မရှိကြပါဘူး၊ မခေါ်ရဘူး၊ မသုံးရဘူးလို့တော့ သတ်မှတ်ချက်မရှိပါဘူး။ သုံးတဲ့သူလည်း သုံးကြပါတယ်။

နောက်တစ်ခုက ဂုဏ်ထူးဆောင် Ph.D ပါ။ ဘာအတန်းမှလည်း မတက်ဘူး၊ ဘာသုတေသနမှလည်း မလုပ်ဘူး။ ဘာကျမ်းစာမှလည်း မပြုစုဘူး၊ ဒါပေမယ့်သူ့ရဲ့ လွန်ခဲ့သောကာလများက တွေးခဲ့၊ ရေးခဲ့၊ ဆောင်ရွက်ခဲ့တဲ့ အတွေ့အကြုံတွေကို လေးစားသမှုနဲ့ပေးတဲ့ Ph.D ပါ။ ဒါလည်း ဂုဏ်ယူစရာပါ။ ဂုဏ် ရှိတာပါပဲ။ ဒါပေမယ့် မိမိရဲ့ နာမည်ကတ်မှာ Ph.D လို့လည်း မရေးပါဘူး။ ရှေ့ကနာမည်ရှေ့မှာလည်း Dr. လို့လည်းမတပ်ကြပါဘူး။ ကျွန်တော်တို့ မြန်မာ့ဂုဏ်ဆောင် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဦးသန့် ဆိုရင် ၁၅ ခု၊ ဦးနုဆိုရင် ၂ ခု၊ ဒေါ်အောင်ဆန်းစုကြည်ဆိုရင် ၁၀ ခု နီးပါးရှိပြီထင်တယ်။ တစ်ခါမှ ဒေါက်တာဦးသန့်၊ ဒေါက်တာမောင်နု၊ ဒေါက်တာအောင်ဆန်းစုကြည်လို့ သုံးတာမတွေ့ဖူးပါဘူး။ အခြားသူက သုံးပေးတာတောင် မသုံးပါနဲ့တားကြောင်း ပြောသံကြားဖူးပါတယ်။ ဒါပေမယ့် ပိုက်ဆံပေး ပြီးဝယ်ရတာတို့၊ ပုဂ္ဂိုလ်ရေးရာအရ ဖားပြီးပေးတာတို့ကတော့ စဉ်းစားစရာပါပဲ။ နောက်တစ်ခုက ကျွန် တော်တို့မြန်မာနိုင်ငံက တက္ကသိုလ်မှာ Ph.D ကိုအခြားနည်းနဲ့ပေးတာလည်း ရှိကြောင်းသိရပါတယ်။ အဲဒါကတော့ တက္ကသိုလ်က ပါမောက္ခတစ်ဦးဦးဟာ Ph.D တစ်ဦးဦးကိုမွေးထုတ်ပေးလိုက်ရင် အလိုလို အော်တိုမတ်တစ် Ph.D ရသွားတာပါပဲ။ Ph.D တစ်ခါမှမလုပ်ဖူးတဲ့၊ အတွေ့အကြုံမရှိတဲ့သူက Ph.D ကို မွေးထုတ်ပေးတယ်ဆိုတာ တော်တော်ကို reasonable မဖြစ်တဲ့ကိစ္စပါပဲ။

နောက်တစ်ခု ကျွန်တော်တို့မြန်မာနိုင်ငံမှာ ဖြစ်နေတာက Ph.D ဒေါက်တာဆိုရင် ခြောက်ပြစ်ကင်း သဲလဲစင် အကုန်တော်ပြီး တတ်ပြီးလို့ထင်နေကြတာ။ မဟုတ်ပါဘူး၊ သူလုပ်တဲ့ သုတေသန field တစ်ခုမှာပဲတော်တာပါ။ ဥပမာ-သတ္တဗေဒဆိုပါစို့ အကောင်တစ်ကောင်အကြောင်း သုတေသနလုပ် တာ၊ အဲဒီအကောင်နဲ့ပတ်သက်တာပဲ သူတော်တာပါ။ ဒါမှမဟုတ် တွားသွားသတ္တဝါတွေရဲ့ မေးရိုး၊ ကျောရိုး၊ အစာအိမ်၊ မျိုးပွားအင်္ဂါအစိတ်အပိုင်း တစ်ခုခုအကြောင်းလုပ်ရင် အဲဒီအစိတ်အပိုင်းတစ်ခုခုမှာ ပဲ သူတော်တာပါ။ ဥပဒေဆိုရင်လည်း ပြစ်မှုရှိတယ်၊ ပြစ်မှုဆိုင်ရာ ကျင့်ထုံးရှိတယ်၊ တရားမတို့၊ သက် သေတို့၊ ဖွဲ့စည်းပုံ၊ မြေယာ၊ ကုန်ရောင်းကုန်ဝယ် . . . စသဖြင့် ဥပဒေပေါင်းအခွဲတွေ အများကြီးရှိ တယ်။ အဲဒီထဲက သူအထူးပြုတဲ့ ဘာသာရပ်တစ်ခုခုမှာပဲ သူတော်တာပါ။ စီးပွားရေးဆိုရင်လည်း Macro ရှိတယ်၊ တစ်ခါအဲဒီထဲမှာ Development ရှိတယ်၊ Finance ရှိတယ်၊ Planning ရှိတယ်၊ Dev-elopment မှာတစ်ခါ Urban Development ရှိတယ်၊ Rural Development ရှိတယ်၊ City Development ရှိတယ်၊ Transportation Development ရှိတယ်၊ Industrial Development ရှိတယ်။ Agricultural Development ရှိတယ်၊ Planning အပိုင်းမှာလည်း National Planning ရှိတယ်။ Sectoral Planning ရှိတယ်၊ Regional Planning ရှိတယ်၊ Project Planning ရှိတယ်။ အဲဒီ ထဲကမှ Field တစ်ခုကို သုတေသနလုပ်တွက်ချက်ရတဲ့ရလဒ်ကို ကောက်ချက်ချပြီး တီထွင်လိုက်တဲ့ ဆန်းသစ်ချက်ကိုပဲ အသိအမှတ်ပြုတဲ့အနေနဲ့ Ph.D ပေးတာပါ။ အဲဒီ Specific Field မှာတော့ တကယ်တော်လို့ ပေးတာပါ။ ဒါပေမဲ့ အကုန်လုံးအခြား Field တွေရော၊ လူမှူရေး၊ ဘာသာရေး အကုန်လုံးတော်တာ မဟုတ်ပါဘူး။ Ph.D မရပေမယ့် အကုန်လုံးနီးပါးတော်တဲ့သူတွေ ကမ္ဘာမှာရော မြန်မာမှာပါ အထင်အရှားရှိခဲ့ရှိနေပါတယ်။ အထူးသဖြင့် way of thinking တော်တာပါ။ မြန်မာနိုင်ငံမှာ Agricultural economics နဲ့ Ph.D ရထားတဲ့လူကို ကုန်သွယ်ရေးနဲ့ကူးသန်းရောင်းဝယ်ရေး ကဏ္ဍမှာ Ph.D ဆိုရင် အကုန်တတ်တယ်လို့ထင်နေတဲ့ လူကြီးတစ်ဦးက ခေါ်သုံးထားတာတွေ့ရပါတယ်။ မရ ဘူးမဟုတ်ပေမဲ့ လူမှန်နေရာမှန် မဟုတ်တာတော့ သေချာပါတယ်။

ကမ္ဘာမှာ အထူးသဖြင့် အမေရိကန်နဲ့အင်္ဂလန်က နာမည်အကြီးဆုံးနဲ့ အခက်ဆုံးလို့သတ်မှတ်ထာတဲ့ တက္ကသိုလ်က Ph.D ဘွဲ့ရပြီး သာမန်ညံ့ရုံမဟုတ်ဘဲ လူ့အဖွဲ့အစည်းကြီးတစ်ခုလုံး စုံးစုံမြုပ်သွား အောင် ပေါ်လစီမှားချမှတ်ခဲ့တဲ့ ညံ့တဲ့သူတွေလည်း မြန်မာပြည်မှာ ရှိခဲ့ဖူးပါတယ်။ လက်ရှိလဲ ရှိနေဆဲ ပါ။

Ph.D ရပြီးသူတွေရဲ့လုပ်ငန်းဟာ တက္ကသိုလ်မှာ ပါမောက္ခဖြစ်ဖြစ်၊ အခြားရုံး၊ ကိုယ်ပိုင်လုပ်ငန်းတွေမှာ ထိပ်ပိုင်းအရာရှိကြီးတွေဖြစ်ဖြစ် မပျက်မကွက်လုပ်ရမဲ့ အလုပ်တစ်ခုက ကိုယ်ရထားတဲ့ Ph.D ပညာ ပေါ်မူတည်ပြီး သုတေသနတွေ ကိုယ်တိုင်တစ်ဦးတည်းဖြစ်စေ၊ ရာထူးအဆင့်တူသူနဲ့တွဲ၍ဖြစ်စေ၊ Ph.D Candidates ကျောင်းသားတွေနဲ့တွဲ၍ဖြစ်စေ သုတေသနလုပ်နေရမှာ ဖြစ်ပါတယ်။ အနည်းဆုံး Ph.D လုပ်နေတဲ့သူတွေရဲ့ သုတေသနတွေကို Supervise, Advise လုပ်နေရမှာ ဖြစ်ပါတယ်။ သူများနိုင်ငံ တက္ကသိုလ်တွေမှာ ပါမောက္ခတွေဟာ လစာအပြင် သုတေသနရန်ပုံငွေပါရတာပါ။ မလုပ်မနေရ တွန်း အားပေးတဲ့သဘောလည်း ပါပါတယ်။ တက္ကသိုလ်က ဆရာအားလုံးဟာ ပါမောက္ခချည်းပါပဲ။ Assi-stant နဲ့ Associate လောက်ပဲကွာတာပါ။ ဝင်ဝင်ချင်းပါမောက္ခဖြစ်တဲ့သူတွေလည်း ရှိပါတယ်။ မြန်မာ ပြည်မှာကတော့ လုပ်သက်အရပေးရင် တစ်ယောက်၊ များလှ နှစ်ယောက်ပဲပေးပါတယ်။ ဘာသုတေ သနမှလည်း မည်မည်ရရ လုပ်တာမတွေ့ရပါဘူး။ တစ်ခါလာလည်း ဒီသင်ခန်းစာပဲသင်၊ တစ်ခါလာ လည်း ဒီသင်ခန်းစာပဲသင်ပြီး ပြီးနေတာပါပဲ။ အသစ်ထွက်တာတွေလည်း မလေ့လာ၊ မသိပါဘူး။ ဥပမာ တစ်ခုပြောရင် စီးပွားရေးတက္ကသိုလ်က အငြိမ်းစားယူခါစ ပါမောက္ခတစ်ဦးကို ပထမဘွဲ့က စီးပွားရေးတောင်မဟုတ်ဘဲ Further study ကျမှ စီးပွားရေးလေ့လာနေတဲ့ ပညာရှင်တစ်ဦးက LEAN Manufacturing ဆိုတာ ဘာလဲလို့မေးတော့ မသိဘူးလို့ဖြေသတဲ့၊ Chemistry နဲ့ရထားတဲ့သူတစ်ဦး ကို သကြားရဲ့ဓာတုဖွဲ့စည်းပုံမေးတော့လည်း သူ့ Field မဟုတ်လို့ မသိဘူးလို့ ဖြေတယ်။ တစ်ခါက သမိုင်းနဲ့ Ph.D ဘွဲ့ရထားတဲ့သူတစ်ဦးကို ဒုတိယမြန်မာနိုင်ငံကို တည်ထောင်သူက ဘယ်သူလဲလို့ မေးတော့ချက်ချင်းမဖြေနိုင်ဘူး။ ဖြေတော့လဲ တလွဲကြီးအနော်ရထာတဲ့။ ဒါဆို မြန်မာပြည်က Ph.D ကို စဉ်းစားကြည့်ပါ။ အကုန်လုံးမဆိုလိုမဲ့ တစ်ဦးတစ်လေတောင် မဖြစ်သင့်တဲ့ကိစ္စပါ။ Ph.D နဲ့ပတ်သက် ပြီး မြန်မာနိုင်ငံမှာ အလွဲကြီးတစ်ခုကတော့ တက္ကသိုလ်ဆရာ၊ ဆရာမထဲက Ph.D ရတဲ့သူတွေကို အထက်တန်းကျောင်းအုပ်ခန့်တဲ့ကိစ္စပါပဲ။ ဘယ်လိုအတွေးမျိုးနဲ့ ဒီကိစ္စလုပ်တယ်ဆိုတာ ဘယ်လိုမှကို တွေးလို့မရပါဘူး။ ယုံနိုင်စရာလည်း မရှိပါဘူး။ Ph.D ရပြီးတဲ့သူတွေရဲ့အတတ်ဟာ အဆင့်မြင့်ပညာပါ။ သာမန်ဘွဲ့ကြိုကျောင်းသားတွေထက်သာမက မဟာတန်းကျောင်းသားတွေကို အသိမျှပေး၊ အတတ် မျှပေး၊ ကြီးကြပ်အကြံပေးရမဲ့သူတွေပါ။ အထက်တန်းကျောင်းသားတွေကို သင်ဖို့ဟာ Ph.D အဆင့်ထိ တတ်စရာမလိုပါဘူး။ ဒါပေမဲ့ ပညာရေးသဘောတရားတို့ ပညာရေးစိတ်ပညာတို့ စတဲ့ပညာရေးဆိုင်ရာ သီအိုရီတွေ၊ ပညာတွေတော့ သိထားဖို့၊ တတ်ထားဖို့လိုသလို ကျောင်းအုပ်ဖြစ်တဲ့အတွက် စီမံခန့်ခွဲမှု Management ဘာသာရပ်ကို သိထားဖို့လိုပါတယ်။ နောက်တစ်ခုက အထက်တန်းကျောင်းသားတွေ စာသင်ရတာနဲ့ အုပ်ချုပ်ရတာက တက္ကသိုလ်ကျောင်းသားတွေ စာသင်ရတာ၊ အုပ်ချုပ်ရတာနဲ့မတူဘူး။ အဲဒါတွေမသိဘဲ အထက်တန်းကျောင်းအုပ်သွားလုပ်ခိုင်းတာကတော့ တော်တော်ကို စဉ်းစားဉာဏ်မဲ့ တဲ့ လုပ်ရပ်ဖြစ်ပါတယ်။ အရင်လူလုပ်သွားလို့ နောက်လူကပြင်မလားဆိုတော့ မပြင်ဘူး။ အရင်လူရော နောက်လူရော Ph.D ရထားတဲ့သူတွေပါ။ ဂေါ်ဘာချက်ကို ကြည့်ပါ။ အာဏာလက်ဝါးကြီးအုပ်ပြီး အာဏာရှင်အဖြစ်နေနိုင်ပေမဲ့ မနေဘဲဂလက်နော့၊ ပယ်ရီစတွိုက်ကာ စတဲ့အတွေးနဲ့လက်တွေ့ ပေါင်း စပ်ခဲ့သူပါ။ ဒီမိုကရေစီစနစ်ပြောင်းခဲ့သူပါ။ နောက်တစ်ခုက ကျွန်တော်တို့လက်ရှိသမ္မတကြီးကိုပဲကြည့် ပါ။ ဘယ်သူမှ အိမ်မက်တောင်မမက်ခဲ့တဲ့ နိုင်ငံရေးနှင့် စီးပွားရေးပြုပြင်ပြောင်းလဲမှုကြီးကို လုပ်ခဲ့တာ ရိုးရိုးပြောင်းတာမဟုတ်ပါဘူး Dramatical Change ပါ။ Real Great ပါ။ Real Fantastic ပါ။ တစ်မျိုး သားလုံး၊ ဆွေစဉ်မျိုးဆက် ကောင်းစားအောင် လုပ်ရဲသူလုပ်နိုင်သူပါ။ သမ္မတကြီးဟာ ပညာရေးအား ဖြင့် First Degree သာယူခဲ့သူပါ။ ဒါပေမဲ့ သူ့အတွေးအခေါ် စိတ်ကူးစိတ်သန်းကို ဘယ် Ph.D Holder က မီပါ့မလဲ။

မည်သို့ပင်ဆိုစေ၊ ဒေါက်တာဘွဲ့ရတာဟာ Academic Process အရ ရသည်ဖြစ်စေ၊ ဂုဏ်ထူးဆောင် ရသည်ဖြစ်စေ ဂုဏ်ယူစရာပါ။ ဒါပေမဲ့ ကြွားစရာတော့မဟုတ်ပါဘူး။ ဒေါက်တာဘွဲ့မရဘဲ ရသူထက် တော်သူတွေ၊ တတ်သူတွေ၊ ကမ္ဘာမှာရော မြန်မာမှာပါတစ်ပုံတစ်ပင်ပါ။ ကမ္ဘာမှာ သင်္ဘောအများဆုံးပိုင် တဲ့ ဂရိသူဌေးအိုနာစစ်ဟာ ဘွဲ့တောင်မရခဲ့ပါဘူး။ ဒါပေမဲ့ ၁၀ တန်းအောင်တဲ့ အသက် ၁၆ နှစ်မှာ ဘာသာစကားလေးမျိုး ပြောတတ်နေပါပြီ။ မီးလုံးထွင်တဲ့ အက်ဒီဆင်ဟာ ကျောင်းအတန်းမအောင်ပါ ဘူး။ သူမေးတာ ဆရာ၊ ဆရာမတွေ မဖြေနိုင်လို့ သူ့အမေက အိမ်မှာ စာသင်ပေးခဲ့ရတာပါ။ မြန်မာနိုင်ငံ မှာ MA ကျမ်းစာရော Ph.D ကျမ်းစာရော ကျွန်တော် Edit လုပ်ဖူးပါတယ်။ အင်္ဂလိပ်လို ရေးထားတာ ရှယ်ပဲ။ ဒါပေမဲ့ Abstract လည်း ဖတ်လိုက်ရော အကုန်ရေစုန်မျောတာပဲ။ အထဲမှာ ရေးထားတဲ့ အင်္ဂလိပ်စာအရေးအသားက ဆီနဲ့ရေပဲ၊ ရေမှ ရိုးရိုးရေကြည်မဟုတ်ဘူး။ ရွှံ့ဗွက်ရေဖြစ်နေတယ်။ ကိုယ်ကိုယ်တိုင် ရေးထားတဲ့စာနဲ့ ကူးချ၊ ဖြတ်၊ ညှပ်၊ ကပ် လုပ်ထားတဲ့စာနဲ့ အရမ်းသိသာလွန်းတယ်၊ ဒါပေမဲ့ ဘွဲ့ရသွားတာပဲ။ M.A ပဲဖြစ်ဖြစ် Ph.D ပဲဖြစ်ဖြစ် Subject Matter ကိုပေးတာ၊ Language ကို ပေးတာမဟုတ်ပါဘူး။ ဂျပန်မှာ ဂျပန်လိုရေးတင်ကြတာပါပဲ။ မြန်မာမှာရော မြန်မာလိုရေးရင်မရဘူး လား။ စဉ်းစားသင့်ပါတယ်။ အဓိကက တကယ်သိတကယ်တတ်ဖို့ပါပဲ။

ဖတ်စေချင်တယ်

ကြွက်နှင့် စက္ကူ

ကျွန်တော့်အိမ်ခန်းထဲ ကြွက်တစ်ကောင်ဝင်နေတယ်။ ကြွက်က ကြွက်သတ်ဆေးလည်း မစားသလို၊ ထောင်ချောက်နဲ့လည်း ဖမ်းမရဘူး။ ကြွက်က တော်တော်လည်တဲ့ကြွက်လို့ ထင်တယ်။ ညညဆိုလည်း သောင်းကျန်လိုက်တာ ကျွန်တော်ကောင်းကောင်း အိပ်မရဘူး။ ဒါနဲ့ ကြွက်ဖမ်းဖို့ ကြွက်ရဲ့လှုပ်ရှားသွားလာမှုတွေကို ကျွန်တော် လေ့လာရတော့တယ်။ ရက်အနည်းငယ်ကြာ လေ့လာပြီးနောက် ကြွက်ဟာ အိမ်ခန်းထဲကို ပြတင်းပေါက်ကတစ်ဆင့် ဝင်လာတယ်ဆိုတာကို ကျွန်တော်သတိထားမိလိုက်တယ်။ ပြတင်းပေါက်က ခြင်ဇကာကို ကိုက်ဖြတ်ပြီး မှောင်စပျိုးတာနဲ့ ကျွန်တော့်အခန်းထဲ သူဝင်လာတယ်။ မိုးလင်းတာနဲ့ သူပြန်ထွက်သွားတယ်။

မိတ်ဆွေတစ်ဦးကို ကျွန်တော့်အကြောင်းပြောပြတော့ သူကရယ်ပြီး "ဒါ လွယ်လွယ်လေးပါ.. ကြွက်ဖောက်ထားတဲ့အပေါက်ကို စက္ကူတစ်ချပ်နဲ့ ကပ်ထားလိုက်ရုံပဲ"လို့ အကြံပေးတယ်။ သူ့အပြောကို သိပ်ယုံကြည်ပုံမပေါက်တဲ့ ကျွန်တော့်ကိုကြည့်ပြီးသူက "တကယ်ပြောတာ စမ်းလုပ်ကြည့်လိုက်ပါ" လို့ပြောတယ်။

မိတ်ဆွေရဲ့အကြံအတိုင်း ကျွန်တော်လုပ်ကြည့်လိုက်တယ်။ ဒါပေမယ့် စိတ်ထဲမှာ သိပ်ဘဝင်မကျခဲ့ဘူး။ မှောင်စပျိုးတာနဲ့ ကျွန်တော်စောင့်ကြည့်မိတယ်။ ပါးလျတဲ့စက္ကူတစ်ချပ်က ပါးနပ်တဲ့ကြွက်တစ်ကောင်ကို တားနိုင်ပါ့မလား? တကယ်လည်း အခြေအနေက ထူးခြားခဲ့တယ်။ ပြတင်းပေါက်အပြင်က ကြွက်ဟာ အထဲကိုဝင်မရလို့ စိတ်လှုပ်လှုပ်ရှားရှားဖြစ်ပြီး ဂနာမငြိမ်ဖြစ်နေတယ်။ တကယ်တော့ လက်သည်းလေးတစ်ချက် ကုပ်လိုက်တာနဲ့၊ ခေါင်းနဲ့သာသာလေး တိုးလိုက်ရုံနဲ့ စက္ကူဗြဲပြီး အထဲကိုသူဝင်နိုင်ပါတယ်။ ဒါပေမယ့် ကြွက်ကအဲဒီလို မလုပ်ခဲ့ဘူး။ သွားနဲ့ပဲ ကိုက်ဖြတ်တတ်တဲ့သူ့အကျင့်က ပြောင်ချောချောစက္ကူကို မကိုက်ဖြတ်တတ်ခဲ့ဘူး။ စက္ကူလေးတစ်ချပ်ကြောင့် သူ့ရဲ့ ပါးနပ်မှုတွေ အသုံးမဝင်တော့တာ တကယ့်အံ့သြစရာပါပဲ။

နောက်ပိုင်းမှာ ကျွန်တော့်အိမ်ခန်းထဲ အဲဒီကြွက် ထပ်ဝင်မလာခဲ့တော့ဘူး။ စက္ကူတစ်ချပ်နဲ့ သူတားဆီး ခံလိုက်ရတယ်။ အဲဒီကိစ္စနဲ့ပတ်သက်ပြီး "ဘာကြောင့်"ဆိုတဲ့မေးခွန်းက ကျွန်တော်ကို အချိန်တော်တော်ကြာ နှိပ်စက်ခဲ့တယ်။

နောက်ဆုံးမှာ တစ်သတ်မှတ်တွေးတောမှုကြောင့်ဆိုတာကို ကျွန်တော်သဘောပေါက် နားလည်ခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့ အခက်အခဲ၊ အတားအဆီးတွေဟာ ကြွက်ကိုတားဆီးထားတဲ့ စက္ကူချပ်လိုပါပဲ။ အခက်အခဲ၊ အတားအဆီးနဲ့ကြုံတဲ့အခါ တစ်သတ်မှတ်အတွေးတွေကို ကျွန်တော်တို့ လှည့်ပြောင်းပေးခဲ့မယ်ဆိုရင် ကြံစည်မှုအသစ်တွေနဲ့ စက္ကူကို အလွယ်တကူ ဆုတ်ဖြဲနိုင်မှာ အသေအချာဖြစ်ပါတယ်။

မူရင်းရေးသားသူ - - Xi Wan (Nan Shan

ဦးသန့်အကြောင်းပါ

ကမ္ဘာ့ငြိမ်းချမ်းရေး ဗိသုကာ
ကမ္ဘာကုလသမဂ္ဂ အထွေထွေအတွင်းရေးမှုးချုပ် ဦးသန့်



ပြီးခဲ့တဲ့ တစ်ပတ်လောက်က ကမ္ဘာ့ငြိမ်းချမ်းရေး ဗိသုကာ အပိုင်းတစ် နဲ့ နှစ် ကို ရေးခဲ့ပါတယ်။
တိုက်တိုက်ဆိုင်ဆိုင်ဘဲ ပြီးခဲ့တဲ့ ၂၀၀၉ ခုနစ်၊ အောက်တိုဘာ ၂၇ ရက်နေ့က ကုလသမဂ္ဂသီတင်းဌာနက ကမ္ဘာ့ကုလ သမဂ္ဂ အထွေထွေအတွင်းမှုးချုပ်ဟောင်း ဦးသန့်ကို ဂုဏ်ပြုသည့်အနေဖြင့် အမေရိကန်ပြည်ထောင်စု ၊ကမ္ဘာကျော် စတန်းဖို့ တက္ကသိုလ်တွင် ဓါတ်ပုံပြပွဲတစ်ရပ် ကျင်းပခဲ့ကြောင့် သီတင်းထုတ်ပြန်ခဲ့ပါတယ်။
ဒီသီတင်းကို ဖတ်ရတဲ့အခါမှာ မြန်မာနိုင်ငံသားတစ်ဦးအနေနဲ့ များစွာကျေနပ်အားရခဲ့သလို့ ၊ ဦးသန့်ကို မမေ့လို့ ဂုဏ်ပြုခဲ့တယ်ဆိုတဲ့ ကုလသမဂ္ဂနဲ့ အမေရိကန် တက္ကသိုလ် ကိုလည်း သတိတရ ရှိပေးခဲ့တဲ့အတွက် များစွာ ၀မ်းသာမိပါတယ်။

အဆိုပါ ဓါတ်ပုံပြပွဲ ဖွင့်လှစ်တဲ့အခန်းအနားမှာ ကုလသမဂ္ဂပြန်ကြားရေးနဲ့ပြည်သူဆက်သွယ်ရေးဌာန မှ တ၀န်ရှိသူ မစ္စတာ ကီရိုအာဆာကာက

'' ဦးသန့် သည် ယုံကြည်ချက် ခိုင်မာသူတစ်ဦးဖြစ်ပြီး ပုဂ္ဂိုလ်ရေးအရသော်လည်းကောင်း၊ ကုလ အကြီးအကဲ တစ်ဦး အဖြစ်သော်လည်းကောင်း၊ ဂုဏ်ပြုထိုက်သူတစ်ဦး ဖြစ်သောကြောင့် ယခုကဲ့သို့ ဓါတ်ပုံပြပွဲ ကျင်းပရခြင်းဖြစ် ''ကြောင်း ပြောကြားသွားခဲ့သည်။

ဆက်လက်၍ ၄င်းကပင်
'' ဦးသန့်သည် အမြော်အမြင်ကြီးမားပြတ်သားသူတစ်ဦးဖြစ်ပီး ကုလသမဂ္ဂအဖွဲ့ကြီးကို ကမ္ဘာ့နေရာ အသီးသီးမှ ပြည်သူများ၏ မျော်လင့်ချက်များနှင့် လိုအပ်ချက်များကို ဖြည့်ဆည်းပေးသော အဖွဲ့ကြီး တစ်ခု အဖြစ် သတ်မှတ်ယုံကြည်စေခဲ့သူ ...ကုလ၏ ရှေ့ဆောင်
အကြီးအကဲ တစ်ဦး ဖြစ် '' ကြောင်း ပြောကြားခဲ့ပါတယ်။

'' ဒီကနေ့ ကမ္ဘာပေါ်မှာ ဆင်းရဲနွမ်းပါးမှုတိုက်ဖြတ်ရေး နဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းတွေကို လုပ်ဆောင်နေတဲ့ ဖောင်ဒေးရှင်းကြီးတွေ အတော်များများဟာ ဦးသန့်ကိုယ်တိုင် ထူထောင်ပေးခဲ့လို ပေါ်ပေါက်လာခဲ့တာပါ ''ဟု
၎င်းက ပင် ဆက်လက် ပြောကြားသွားခဲ့ပါတယ်။

ထို့ပြင်..
''၁၉၆၁ ခုနစ်မှ ၁၉၇၁ ခုနစ် အထိ ဆယ်နှစ်တာကာလ ကုလ အကြီးအကဲအဖြစ် တာဝန်ထမ်းဆောင်ခဲ့စဉ်ကာလအတွင်း
ဦးသန့်သည် ကမ္ဘာပေါ်တွင်လူသားတို့အားအကျိုးပြုစေခဲ့သော ကြီးမားသော အပြောင်းအလဲ ကြီးများ ဖြစ်ပေါ်အောင် လုပ်ဆောင်နိုင်ခဲ့သည်''ဟု သီတင်းနှင့်ပြန်ကြားရေးဌာနက ပြောဆိုခဲ့ပါတယ်။

တစ်ဖန် ..ကုလ ပြောခွင့်ရ ပုဂိုလ်တစ်ဦးက
'' ဦးသန့်ဟာ အတိုင်းအဆ များပြားလွန်းစိန်ခေါ်မှုကြီးတွေကို ဖြေရှင်းနိုင်ခဲ့ပါတယ်။ကျူးဘား ဒုံးကြည်အရေးအခင်းကိစ္စ၊
ဗီယက်နမ် စစ်ပွဲအဆုံးသတ်ပြီး ငြိမ်းချမ်းရေး ပေါ်ထွန်းရေး ကိစ္စ၊ တော်အာဖရိက လူမျိုးရေး ခွဲခြားမှု ကိစ္စ၊ စတာတွေကို အောင်မြင်စွာ ဖြေရှင်းပေးနိုင်ခဲ့တဲ့ သံတမန်ကြီးတစ်ဦးပါဘဲ..''..လို့ ပြောကြားသွားခဲ့ပါတယ်။

ထိုပြင် ဦးသန့်သည် ကုလကြီးအတွက် အလွန်မှတ်သားလေးစားလိုက်နာဖွယ်စကားကို မြွက်ကြားခဲ့သူ လည်းဖြစ်သည်။
ဦးသန့်က ....မိန့်ဆိုသည်မှာ...

'' လူသားဖြစ်တည်မှူ နှင့် လူတစ်ဦးချင်းစီ၏ တန်ဘိုးဟူသည် မိမိတို့ပိုင်ဆိုင်သော ဥစ္စာများထက် များစွာ သာလွန်ပါသည်။
အစိုးရများ၊ နိုင်ငံရေးစနစ်၊ နှင့်အိုက်ဒီယာများဟူသာ် ဖြစ်ပျက်သဘော မျှသာ ဖြစ်ပြီး လူသားဖြစ်တည်မှူသည်သာလျှင် ကျန်ရှိပါမည်'' ဟု ဆိုခဲ့သည်။
ထိုစာတမ်းသည်.....
ယနေ့ကုလသမဂ္ဂကြီး၏ အသက်ဝိညာဉ်ဖြစ်စေမည့် ၊ ကုလကြီး အသက်ဆက်လက်ရှင်သန်စေမည့် မိန့်ဆိုချက်ပင် ဖြစ်တော့သည်။

Referance;
The Voice weekly Journal
from internet news

ဦးသန့်သည် ကမ္ဘာ့ကုလသမဂ္ဂအတွင်းရေးမှုးချုပ် အဖြစ် ၁၉၆၁ မှ ၁၉၇၁ အထိ ဆယ်နှစ်တာကာလ အတွင်း ကြီးမာှးစွာသော ကမ္ဘာ့အရေးအခင်းကြီးများကို အောင်မြင်စွာ ဖြေရှင်းနိုင်ခဲ့သည်။

ဦးသန့်အောင်မြင်စွာ ဖြေရှင်း နိုင်ခဲ့သော ပြဿနာ ကြီးများမှာ........
တတိယ ကမ္ဘာစစ်~သို့ဦးတည် ခဲ့သော ကျူးဘား ပြဿနာ
တူရကီ နှင့် ဂရိတို့ သွေးချောင်းစီးသည်. ဆိုက်ပရပ် ပြဿနာ
အင်ဒိုနီးရှား နှင့် ဒတ်ခ်ျတို. အသေအကျေတိုက်သည့် အနောက်အီရီယန်အရေးအခင်း
အေ၇ှ့အလယ်ပိုင်း အရေးအခင်း
ဗီယက်နမ်စစ်ပွဲ အဆုံးသတ်ပြီး ငြိမ်းချမ်းရေးပေါ်ထွန်းရေးပြဿနာ
ကမ္ဘာ့လောင်စာ ပြဿနာ
တောင်အာဖရိက လူမျိုးရေးခွဲခြားမှု ကိစ္စ
သဘာဝပတ်ဝန်းကျင်ထိမ်းသိမ်းရေး ကိစ္စ....
ကမ္ဘာပေါ်တွင် ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ရေး ကိစ္စ....

အခြားကိစ္စများ ဖြစ်ကြသည်။

ဦးသန့်၏ ကုလအတွင်းရေးမှုးချုပ်ဘ၀တွင် တာဝန်ကို နိုင်နိုင်နင်းနင်းထမ်းဆောင်နိုင်မှု၊ ကမ္ဘာအရေးအခင်းများကို ပြေလည်အောင် စွမ်းစွမ်းတမန် ဖြေရှင်းပေးနိုင်ခဲ့မှုတိုေ့ကြာင့် သူအားကမ္ဘာတစ်ဝှ်းလုံးရှိတက္ကသိုလ်ကောလိပ်တို့မှ ဒေါက်တာဘွဲ ( ၁၇ ) ဘွဲံကို ပေးအပ်ချီးမြင့်ခဲ့ကြသည်။

ဦးသန့်ရရှိခဲ့သော ဘွဲ့များမှာ အောက်ပါအတိုင်းဖြစ်သည်။

၁၉၄၉ ၀ဏကျော်ထင်ဘွဲ့ မြန်မာနိုင်ငံအစိုးရ
၁၉၅၃ သီရိပျံချီ ဘွဲ့ မြန်မာနိုင်ငံအစိုးရ
၁၉၅၇ စည်သူ ဘွဲ့ မြန်မာနိုင်ငံအစိုးရ
၁၉၆၁ မဟာသရေစည်သူ မြန်မာနိုင်ငံအစိုးရ
၁၉၆၂ ဇွန် ၁၀ ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင် အာလီတန်တက္ကသိုလ် ကနေဒါ
၁၉၆၂ ဇွန် ၁၂ ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင် ပရင်စတန်တက္ကသိုလ် နယူဂျာစီပြည်နယ်
၁၉၆၃ ဇွန် ၂ ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင် တောင်ဟတ်ဒလေမောင့်ဟိုလ်ကောလိပ် မက်ဆာချူးဆက်ပြည်နယ်
၁၉၆၃ ဇွန် ၁၃ ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင် ကင်းဘရစ်ဟာဘတ်တက္ကသိုလ် မက်ဆာချူးဆက်ပြည်နယ်
၁၉၆၃ ဇွန် ၁၆ ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင် ဟင်နိုဗာဒတ်မောက်ကောလိပ် နယူဟမ်ရှားပြည်နယ်
၁၉၆၄ ဧပြီ ၂ ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင် ကာလီဖိုးနီးယားတက္ကသိုလ် ကာလီဖိုးနီးယားပြည်နယ်
၁၉၆၄ ဧပြီ ၃ ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင် ဒင်းဗားတက္ကသိုလ် ကိုလိုရာဒိုပြည်နယ်
၁၉၆၄ ဇွန် ၈ ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင် ဆွပ်သမိုးကောလိပ် ပင်ဆင်ဗေးနီးယားပြည်နယ်
၁၉၆၄ ဇွန် ၁၀ ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင် နယူးယောက်ယူနီဗာစီတီ
၁၉၆၄ ဂျူလိုင်၃၀ ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင် မော်စကိုတက္ကသိုလ် ဆိုဗီယက်ယူနီယံ
၁၉၆၅ မေ ၂၅ ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင် အွန်တာရီယိုကင်းစတန်းဘုရင်မတက္ကသိုလ်
၁၉၆၅ ဇွန် ၆ ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင် ၀ါတာဗီလီကော်ဗိုင်းကောလိပ်
၁၉၆၅ ဇွန် ၁၄ ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင် နယူဟေဗင်ရေး တက္ကသိုလ်
၁၉၆၆ မေ ၂၈ ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင် အွန်တေရီယိုဝင်တက္ကသိုလ် ကနေဒါ
၁၉၆၆ ဇွန် ၅ ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင် ဟင်မလင်တန်ကောလိပ် နယူးယောက်
၁၉၆၆ ဇွန် ၈ ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင် ဖော့ဒ်ဟင်းတက္ကသိုလ် နယူးယောက်
၁၉၆၆ ဇွန် ၁၄ ဒေါက်တာဘွဲ့ (LLD) ဂုဏ်ထူးဆောင် မင်ဟတ်တန်ကောလိပ် နယူးယောက်

၁၉၆၂ စက်တင်ဘာ တွင် ချက်ကိုစလိုဘက်ကီးယား နိုင်ငံ ပရက်မြို့တော်၊ ချားလ်စ် တက္ကသိုလ်၏ အနှစ်၆၀၀ ပြည့် အထိမ်းအမှတ်အခမ်းအနားမှ ဦးသန့်ကို ရွှေတံဆိပ်ပေးအပ်ချီးမြင့်ခဲ့သည်။

၁၉၆၆ စက်တင်ဘာ ၂၈ တွင် အိန္ဒိယ နိုင်ငံမှ ပေးအပ်သော ဂျဝ်ဟာလာနေရူး ဆု ကို ရရှိခဲ့သည်။ ရူပီး တစ် သိန်း ရရှိသည်။ ၄င်းရရှိသော ဆုငွေကို ဦးသန့်ပညာတော်သင်ဆု အဖြစ် ကုလသမဂ္ဂကျောင်းသို့ပြန်လည် လှူဒါန်းခဲ့သည်။

ကမ္ဘာ့ငြိမ်းချမ်းရေးကို စွမ်းစွမ်းတမံဆောင်ရွက်သူများအတွက် ချီးမြင့်လေ့ရှိသောအမေရိကန် မှပေးသည့် စတီဗင်ဖောင်ဒေးရှင်းဆု ကိုလည်းရရှိခဲ့သည်။

ဦးသန့်အမှတ်တရများ

အတွင်းရေးမှုးချုပ် အားဂုဏ်ပြုသော အားဖြင့် ဦးသန့်၏ ကိုယ်တစ်ပိုင်းကြေးရုပ်တုကို ၁၉၇၄ အောက်တိုဗာတွင် ကုလသမဂ္ဂစာသင်ကျောင်းတွင် စိုက်ထူဖွင့်လှစ်ခဲ့သည်။

ဦးသန့်အား ၁၉၆၆ တွင် ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်ရာထူးအား လက်ခံရရှိမှုအားဂုဏ်ပြုသောအားဖြင့် အမေရိကန်ပြည်ထောင်စု၊
အမေရိကန်အာကာသယာဉ်မှုး ဂျိမ်းစ်လိုဗယ် နှင့် အက်ဒွင်လ်ဒရင်ဂျူနီယာ တို့သည် ပြည်ထောင်စုမြန်နိုင်ငံတော်အလံအား အာကာသယာဉ်အတွင်းသယ်ဆောင်၍ ကမ္ဘာကို ပတ်ခဲ့ပြီး ထိုအလံကို မြန်မာအမျိုးသာ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှုးချုပ် ဦးသန့်လက်ထဲသို့ အာကာသယဥင်္မှုး အယ်ဒရင်က ပေးအပ်ဂုဏ်ပြုခဲ့သည်။


ဘောင်သွပ်ထားသော ထိုအလံတွင် ဤ အလံသည် ဂျီမီနီ အမှတ် ၁၂ အာကာသယာဉ်ဖြင့် ယာဉ်မှူး ဂျိမ်းလိုဗယ်နှင့် အက်ဒွင်အယ်ဒရင်တို့ ၁၉၆၆ ခု နိုဝင်ဘာတွင် အာကာသသို့ပျွသန်းစဉ် သယ်ဆောင်သွားခဲ့သည် ဟု ကမ္ဗည်းစာတမ်း ရေးထိုးပါရှိသည်။

U Thant Island ဦးသန့်ကျွန်း

အမေရိကန် ပြည်ထောင်စု မှ ဦးသန့်အားဂုဏ်ပြုသောအားဖြင့် အမေရိကန်ပြည်ထောင်စု၊ နယူးယောက်စီးတီးမြို့၏ အရှေ့ဘက်မြစ် အတွင်းရှိ Roosevelt Island ကျွန်း၏ တောင်ဘက် ရှိ Belmont Island ဟုခေါ်သော ကျွန်းငယ်လေးအား U Thant Island ဟူ၍ ဂုဏ်ပြု သတ်မှတ်ပေးခဲ့သည်။ ၄င်းကျွန်းငယ်လေးသည် အတိုင်းအတာအားဖြင့် ပေ ၁၀၀x၂၀၀ ကျယ်ဝန်းသည်။




Jalan U Thant
မလေးရှားနိုင်ငံသည် ဦးသန့်အားဂုဏ်ပြုသောအားဖြင့် မလေးရှားနိုင်ငံ ၊ကွာလာလမ်ပူမြို့၊ Embassy road လမ်းအား Jalan U Thant ဟု ဂုဏ်ပြု သတ်မှတ်ခဲ့သည်။

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ ဂျလန်ယူသန့်လမ်းမှ 7 UThant အဆောက်အအုံ

ွှTaman U Thant
Taman U-Thant is a place in Kuala Lumpur, Malaysia. Located in the eastern part of the city, it was established in the 1960s and was used for foreign embassies and high commissions only. It was named after the former UN General Secretary from 1961 until 1971, U Thant.

ဂျပန်နိုင်ငံ ၊ တိုကျိုမြို့၊ ကုလသမဂ္ဂတက္ကသိုလ်(UNU United Nation University) မှ့ U Thant Honorary Leacture Series ကို ပုံမှန်ဂုဏ်ပြု ထုတ်လွှင့်ခဲ့သည်။

ဦးသန့် နှစ်တစ်ရာပြည့် အထိမ်းအမှတ် အဖြစ် ကုလ မှ ဦးသန့်၏ ပုံအား တံဆိပ်ခေါင်းပြု၍ ဂုဏ်ပြုခဲ့သည်။


အမေရိကန် မှ အမှတ်တရတံဆိပ်ခေါင်းကုပ္မဏီက အေဗရာဟန်လင်ကွန်း၊ အိုဗားမား နှင့် ဦးသန့်တို့၏ တံဆိပ်ခေါင်းများကို ဈေးနုန်းတန်းတူသတ်မှတ်သည်။



what are they? where are they?


U Thant Peace Award
ဦးသန့်ငြိမ်းချမိးရေးဆု
ဤဆုကို ဦးသန့်အားဂုင်္ဏပြုသောအားဖြင့် အမေရိကန်မှSri Chinmoy က တီထွင်ခဲ့သည်။ ၁၉၈၂ ခုနှစ်တွင် စတင်ပေးအပ်ခဲ့သည်။ ကွယ်လွန်သွားပြီဖြစ်သော ကမ္ဘာကုလသမဂ္ဂအထွေထွေ အတွင်းရေးမှုးချုပ် ဦးသန့်၏ မြင့်မားလှသော ဥာဏ်ရည်ဥာဏ်သွေး၊ အရည်အချင်းတို့ကို စံနမူနာထား၍ ကမ္ဘာငြိမ်းချမ်းရေးအတွက် စွမ်းစွမ်းတမံထမ်းဆောင်ခဲ့သော လူသား၊ အသင်းအဖွဲ့များကို ပေးအပ်ချီးမြင့်သော ဆုဖြစ်သည်။

ကျေးဇူးတင်ပါသည်။

ဆရာတစ်ဦး၏ မျှဝေမှုကို ထပ်ဆင့်မျှဝေသည်။
ဂုဏ်ယူကြပါ။
အသံကျယ်ကျယ်
ပြောကြဆိုကြပါ။
မြန်မာပြည် လူတော်လူကောင်းတွေ ထွန်းကားဖို့လိုပြီ။